Saturday, February 3, 2018

LGBT ၏အဓိပ္ပါယ်

အားလုံးပဲ မင်္ဂလာပါ
ဒီတစ်ခေါက်တော့
Third Gender လို့ခေါ်တဲ့ တတိယလိင် အကြောင်းကို ရှင်းရှင်းလင်းလင်း သိသွားအောင်
ရှင်းပြပါရစေ

ယနေ့ကမ္ဘာကြီးမှာ လိင်တူချစ်သူတွေ (တတိယလိင်တွေ) ပေါများလာတယ် များပြားလာတယ်လို့ ပြောစမှတ်ပြုလာကြပါတယ်။
ဒါပေမဲ့ ဟိုးအရင် သမိုင်းတွေ မှာ
နတ်ဘုရားတွေမှာတောင် တတိယလိင်ရှိခဲ့ပါတယ်။

တတိယလိင်LGBTIQ ဆိုပြီး Sexual Oriantation (လိင်စိတ်ခံယူမှု) and Gender identity (ကျား၊ မ ဖြစ်ခြင်းခံယူမှု) ဆိုပြီး ဖြစ်တည်မှုတွေ ရှိပါတယ်

LGBTIQ ရဲ့ အဓိပ္ပာယ် နဲ့ အကျယ် ကိုရှင်းပြပါ့မယ်

L= Lesbian
(မိန်းကလေးချင်း ချစ်ခင်မြတ်နိုးသူကိုဆိုလိုပါတယ်)
G=Gay
(ယောက်ျားလေးချင်း ချစ်ခင်မြတ်နိုးသူ)
B=Bisexual
(လိင်တူရော လိင်ကွဲရော ချစ်ခင်မြတ်နိုးသူပါ)
T=Transgender
(ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင်သူ)
ဒီနေရာမှာ gay နဲ့Transgender အကြောင်း အထင်အမြင်လွဲနေတာလေးတွေ ရှင်းပြပါ့မယ်

မြန်မာနိုင်ငံမှာ အများစုက gay လို့ ပြောလိုက်တာနဲ့
မိန်းမကဲ့သို့ပြောင်းလဲဝတ်ဆင်ပြုမူနေထိုင်သောသူ
(ladyboy/shemaleဟုအသိများကြ)များကိုသာ သိကြ မြင်ကြပါတယ်
သူတို့သည် gay မဟုတ်ပါ
TG Transgender များ ဖြစ်ပါတယ်
နောက်တစ်ခု အများသိကြတဲ့
အမျိုးသားကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သောသူ(Tomboy ဟုသိကြ)များကလည်း
Transgenderများဖြစ်ကြပါတယ်။ ။

I=intersex
(မွေးရာပါ လိင်နှစ်မျိုးလုံးပါတဲ့သူ) နဲ့

Q=Queer
(လိင်စိတ်ခံယူမှုကင်းမဲ့သူ(သို့မဟုတ်) မိမိကိုယ် မိမိ မည်သည့်လိင်ခံယူရမှန်းမသိသေးသူ(သို့မဟုတ်)မိမိ၏ လိင်စိတ်ခံယူမှုကိုမဖွင့်ဟ လိုသူ)
အစရှိသဖြင့် QUEER ကွီးယားကို အဓိပ္ပာယ်ဖွင့်ဆိုပါတယ်

လူနှစ်ယောက် နှလုံးသားနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စုံမက်နှစ်သက်မြတ်နိုးကြတယ်
ပြီးတော့ သူတို့က ဖွဲ့စည်းတည်ဆောက်ပုံ ခန္ဓာကိုယ်ချင်း တူညီနေမယ် ဆိုရင်
လိင်တူ နေ တဲ့ ချစ်သူနှစ်ဦးပါ
လိင်အင်္ဂါကို ချစ်တာသက်သက် မဟုတ်ပါ နှလုံးသားချင်း ချစ်ကြတာပါ
ဒါတွေ အားလုံးကိုမှ (Homo ) Homosexual
လို့ ခေါ်တာပါ :)

LGBT ဆိုတာ လေးနက်ပါတယ်
နှလုံးသားနဲ့ ချစ်ခြင်းကို ဆိုလိုပါတယ်

ဥပမာ - အမျိုးသားတစ်ယောက်က ပြင်းပြတဲ့စိတ်ဆန္ဒအလိုအရ အခြားလိင်တူ အမျိုသားတစ်ယောက်နဲ့ ချစ်တင်းနှော တစ်ခဏတာသာယာ မိရုံနဲ့ LGBT လို့ ပြောလို့မရပါဘူး
M s M(man sex with man) ပါ

နောက်တစ်ခု ကတော့
"Transsexual "ပါ
သူကတော့ ဆန့်ကျင်ဘက်လိင်ကဲ့သို့
ပြောင်းလဲဝတ်ဆင် နေထိုင်သည်မက
ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခွဲစိတ် ထားသူပါ
ဥပမာ -မထက် ပါ
မြန်မာနိုင်ငံမှာ ပထမဆုံး ခွဲစိတ်ပြုပြင်ထား
တဲ့ Transexual အမျိုးသမီးကတော့
The Help Organization က
မသက်မွန်ဖြိုးပါ
2005 ခုနှစ်မှာ ပြောင်းလဲခဲ့တာပါ

ကဲ သူငယ်ချင်းတို့တွေ အတွက် Third Gender လို့  သိကြတဲ့ LGBT အကြောင်းကို မျှဝေ ပေးလိုက်ပါတယ်

ယခုထက်ပိုပြီး အသေးစိတ်သိချင်ရင်တော့
fettyriat@gmail.com
ဒါမှမဟုတ် Message box မှာမေးမြန်းထားနိုင်ပါတယ်

Dfl@SittRiat



No comments:

Post a Comment

Drag Queen ဆိုတာဘာလဲ?

Drag Queen ဆိုသည်မှာ ( အမျိုးသားမှ ကပွဲ သို့မဟုတ် အခြားသော ဖျော်ဖြေ ရေး များအတွက် အမျိုးသမီးသို့ဝတ်ဆင်၍ တင်ဆက်ကပြ သူ) များကို ခေါ်ဆိုသည်။ ထိ...